Showing posts with label Beef. Show all posts
Showing posts with label Beef. Show all posts

Tuesday, November 25, 2014

အမဲသားလုံးကြော်






ပြင်ဆင်ရတာလွယ်ကူပြီး အရသာရှိတဲ့ ဟင်းပွဲတစ်မျိုးကတော့ အမဲသားလုံးကြော်ပါ။ နုတ်နုတ်စဉ်းထားသော အမဲသားကို နံနံပင် ၊ကြက်သွန်၊ဖြူ၊ နီ။ ချင်းများထည့်ထားတာကြောင့် အနံ့လည်း မွှေးကြိုင်လှပါတယ်။ ပျားရည်ပါဝင်တဲ့ ဆော့စ်ရဲ့ အရသာကြောင့်လည်း အမဲသားကြော်ကို အရသာတစ်မျိုးထူးစေပါတယ်။ မိတ်ဆုံစားပွဲများအတွက် အထူးသင့်တော်သော ဟင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။

အမဲသားလုံးအတွက် ပါဝင်ပစ္စည်းများ
·         အမဲသားနုတ်နုတ်စဉ်းပြီးသား - ၂၀၀ ဂရမ်
·         ကြက်သွန်နီဥ အလတ် ၁ ဥ (နုတ်နုတ်စဉ်းပါ)
·         ကြက်သွန်ဖြူ ၃ မွှာ - (နုတ်နုတ်စဉ်းပါ)
·         နံနံပင် ၁ ပင် - (နုတ်နုတ်စဉ်းပါ)
·         ချင်း လက်တစ်ဆစ်ခန့် (နုတ်နုတ်စဉ်းပါ)
·         ငရုပ်သီး  ၂ တောင့် (နုတ်နုတ်စဉ်းပါ)
·         ငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
·         ပျားရည် - လက်ဖက်ရည်၁ ဇွန်း
·         ကြက်သားမှုန့်- လက်ဖက်ရည် ၁ ဇွန်း


ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
·         ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
·         ရေ စားပွဲဇွန်း ၂ ဇွန်း
·         ငါးငံပျာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
·         ပျားရည် လက်ဖက်ရည် ၁ ဇွန်း
·         ဆီ စားပွဲဇွန်း တစ်ဝက်



ပြုလုပ်နည်း
·         ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောနယ်ပြီး စားပွဲဇွန်း ၁ ဇွန်းစာခန့်ယူကာ အလုံးများလုံးထားပါ
·         ထို့နောက်ဆီပူပူတွင် အညိုရောင်သမ်းလာအောင်ကြော်ကာ ဆယ်ထားပါ
·         ဆော့စ်အတွက် ပါဝင်ပစ္စည်းများကို ရောမွှေကာ ဆူလာအောင် အပူပေးပါ။
·         ထို့နောက် အသားလုံးကြော်များပေါ်တွင် ဆမ်းကာ သုံးဆောင်ပါ။

Sunday, August 17, 2014

ကြက်၊အမဲစတူး (Beef & Chicken Stew)


အရသာရှိတဲ့ အမဲသား၊ ကြက်သားစတူးလုပ်ကြည့်ကြည်ရအောင်...
နှစ်သက်ရာအသား တစ်မျိုးထည်းနဲ့ လုပ်ရင်လည်းရပါတယ်။ မုန်လာဥနီ၊ မုန်လာဥဖြူ နဲ့ မှိုများလည်း ပါတာကြောင့် စားလို့လည်း အင်မတန်အရသာရှိပါတယ်။ အထူးသဖြင့် မုန်လာဥဖြူနဲ့ အနှစ်များနဲ့နူးအိနေတာက တော်တော်စားလို့ကောင်းပါတယ်..
ပါဝင်ပစ္စည်းများ
  • အမဲသား ၁၅၀ ဂရမ် (ခပ်သေးသေးလှီးထား)
  • ကြက်ရင်ပုံတစ်ခု (ခပ်သေးသေးလှီးထား)
  • ရှီတာကီမှိုခြောက် - ၆ခု (၁၀မိနစ်ခန့်ကြိုပြီး ရေစိမ်ထားပါ)
  • မုန်လာဥဖြူ အနည်းငယ် (ဆားနဲ့နယ်ပြီး အခြောက်လှမ်းထားပြီးသားကို သုံးပါတယ်)
  • မုန်လာဥနီ အသေးတစ်ဥ (လက်တစ်ဆစ်ခန့် လှီးပြီး လေးစိတ်စိတ်ထားပါ)
  • ကြက်သွန်နီဥကြီးတစ်ဥ
  • ကြက်သွန်ဖြူ ၃ မွှာ
  • ချင်းအနည်းငယ်
  • နာနတ်ပွင့် ၂ခု
  • သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည်အနောက် (ကြာညို့)  စားပွဲဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းအနည်းငယ်


ချက်နည်း
  • ဦးစွာကြက်သားနဲ့ အမဲသားကို ဆား၊ ကြက်သားမှုန့် ၊ ကြာညို့ စားပွဲဇွန်း ၁ ဇွန်းခန့််နဲ့ ရောနယ်ထားပါ (အသား၂ မျိုးကို သပ်သပ်စီခွဲနယ်ပါ)
  • ၁၅ မိနစ်ခန့်နှပ်ပြီးရင် အမဲသားကို ကြက်သွန်ဖြူ၊နီ၊ ချင်း၊နာနာတ်ပွင့်၊ ဆား၊သကြားနှင့်ပဲငံပျာရည် အကြည်၊အနောက် အကုန်ထည့်ကာ ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ရောမွှေကာ ရေ အနည်းငယ်ထည့်ပြီး pressure cooker မှာ မိနစ် ၂၀ခန့်ပေါင်းပါ။
  • နောက်မှ ကြက်သား၊ ငရုပ်ကေင်းနဲ့ ကျန်တဲ့ မှို မုန်လာဥနီ၊ဖြူများကိုထည့်ကာ ရေအနည်းငယ်ထပ်ထည့်ကာ နာရီဝက်ခန့်ထည့်ပေါင်းပါ။ အပေါ့အငံကို လိုသလောက်ညှိယူပါ
  • နောက်ဆုံးမှ corn flour စားပွဲဇွန်း ၁ ဇွန်းခန့်ကို ရေ စားပွဲဇွန်း ၄ ဇွန်းနှင့်ရောမွှေကာ ထည့်ပါ။ ပျစ်လာလျှင်မီးပိတ်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ..

Friday, August 30, 2013

Beef Rendang (Nyonya စတိုင်အမဲသားနှပ် )




အုန်းနို့နံ့သင်းတဲ့ Nyonya style အမဲသားနှပ်တစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟင်းရဲ့ အဓိက အကျဆုံးအချက်ကတော့ မီးနဲနဲနဲ့ အသားများကို နူးအိနေအောင်နှပ်တာပါပဲ။ ကြာကြာနှပ်နိုင်လေ ပိုကောင်းလေပါ။

ပါဝင်ပစ္စည်းများ

  • အမဲသား၁ ကီလို ( အရွယ်တော်လေးများ တုံးထားပါ)
  • ဆား လက်ဖက်ရည် ၁ဇွန်း
  • သကြားစာပွဲဇွန်း ၂ ဇွန်း
  • မန်ကျည်းနှစ် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အုန်းနို့ ၂၅၀ မီလီလီတာ
  • ရေ ၃၂၀ မီလီလီတာ
  • စပါးလင် ၁ ချောင်း (ထုထားပေးပါ)
  • သစ်ဂျပိုးအနည်းငယ်
  • နံနံမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • ဖာလာစေ့ ၃ စေ့
  • ကြက်သွန်ဖြူ ၃ မွှာ

အနှစ်အတွက်
  • ကြက်သွန်နီဥကြီး ၂ ဥ
  • ကြက်သွန်ဖြူ ၅ မွှာ
  • စပါးလင် ၃ ချောင်း (အရင်းပိုင်းလေးပဲယူပါ)
  • လှော်ထားသော အုန်းသီးဖတ် ၂၅ ဂရမ်
  • ချင်း လက်တစ်ဆစ်စာ
  • ငရုပ်သီးခြောက် ၇ ခု


ချက်နည်း
အနှစ်အတွက် လှော်ထားသော အုန်းသီးဖတ်များမှလွဲပြီး ကျန်ပစ္စည်းများ အားလုံးကို ရောကြိတ်ပေးပါ


ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးကာ စပါးလင်၊ သစ်ဂျပိုး၊ ဖာလာစေ့၊ ကြက်သွန်ဖြူ များကိုဆီသတ်ပါ။ အနံ့မွှေးလာပါက နံနံမှုန့် ထည့်မွှေကာ ကြိတ်ထားသော ပစ္စည်းများကို ထည့်မွှေပါ။
ကြက်သွန်နွမ်းလျှင် အမဲသားထည့်ကာ ၁ မိနစ်ခန့်တည်ပါ၊ ဆား၊သကြား၊ မန်ကျည်းနှစ် နှင့် အုန်းသီးဖတ်များဖြူးပေးပါ။
ရေနှင့် အုန်းနို့ကိုလည်းထည့်ကာ ပွက်ပွက်ဆူအောင်တည်ပါ။
ဆူသည်နှင့် မီးလျော့ကာ မီးနည်းနည်းဖြင့် ၄ နာရီခန့်ကြာအောင်တည်ပါ။ ရေလိုလျှင်ထပ်ဖြည်ပေးပါ။


နူးအိနေသော Beef Rendang ကိုပေါင်မုန့်နှင့်ဖြစ်စေ ထမင်းဖြူနှင့် ဖြစ်စေတွဲဖက်စားသုံးနိုင်ပါပြီ။