Showing posts with label Cookies. Show all posts
Showing posts with label Cookies. Show all posts

Monday, May 30, 2016

Shortbread




ဒီမုန့်ကို အိမ်မှာလုပ်ကြည့်ပြီးရင်တော့ အပြင်က ဘီစကစ်မုန့်တွေ ၀ယ်စားချင်တော့မယ် မထင်ပါဘူး။ အဲလောက်တောင် အရသာရှိပြီး လွယ်ကူတဲ့ မုန့်ပါ။

ပါဝင်ပစ္စည်းများ
  • ဂျုံ- ၁၅၀ ဂရမ်
  • ဆန်မှုန့် - ၆၅ ဂရမ်
  • Baking Powder - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - ပါရုံမျှ
  • ထောပတ်- ၁၅၀ ဂရမ်
  • သကြား-  ၁၀၀ ဂရမ်
လုပ်နည်း
  1. ပထမဆုံး ဂျုံမှုန့်၊ ဆန်မှုန့်နဲ့ baking powder ကို စကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွလာအောင်ခေါက်ပါ။
  3. ဂျုံအရောကို သမအောင် ထည့်မွှေပါ
  4. ထောပတ်သုတ်ထားသော ၈လက်မဗန်းထဲကို မွှေထားတဲ့ မုန့်နှစ်များကိုလောင်းချပေးပါ။ မုန့်သားကခပ်သိပ်သိပ်ကျစ်ကျစ်ပါပဲ။
  5. ပိုသိပ်သွားအောင် လက်ဖြင့်အသာအယာဖိပါ။
  6. ပုံပါအတိုင်းခက်ရင်းဖြင့်ဖောက်ကာ အရာများပေးပြီး ၁၆၀ ဒီဂရီ oven မှာ မိနစ် ၅၀ လောက်ဖုတ်ပေးပါ။ 
 
  1. အာဗန်ထဲမှထုတ်ထုတ်ခြင်း ပေးထားသောအရာအတိုင်းပြတ်အောင် လှီးဖြတ်ပြီးမှ အအေးခံပါ။
 
  1. အအေးခံပြီးရင်တော့ အရသာကောင်းတဲ့ Shortbread များအသင့်ဖြစ်ပါပြီ။

Thursday, March 10, 2016

ကြက်သောက်ဆမ်း






ဒီဟင်းပွဲကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ မြန်မာပြည်ပြန်တုန်းက အိမ်မှာချက်တဲ့ဟင်းတစ်ခွက်ပါ။ ပူပူစပ်စပ်နဲ့ သောက်လို့ကောင်းတာကြောင့် ချက်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
·         ကြက်တစ်ခြမ်း - သေးသေးခုတ်ထားပါ
·         ဆင်ခရမ်းချဉ်သီး - ၁၀ လုံး
·         ကြက်သွန်နီ ၂ လုံး
·         ကြက်သွန်ဖြူ ၁ ဥ
·         အာပူရွက် အနည်းငယ်
·         ချင်း လက်တစ်ဆစ်
·         ဆနွင်း ပါရုံမျှ
·         ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
·         ဆားသင့်ယုံ
·         ငရုတ်သီးစိမ်း ၆ တောင့်ခန့်
·         ဆီ စားပွဲဇွန်း ၂ ဇွန်းခန့်

ချက်နည်း
ကြက်သွန်ဖြူ၊နီ၊ချင်းနဲ့ ငရုတ်သီးစိမ်း များကိုရောထောင်းထားပါ။
ခရမ်းချဉ်သီးများကိုလည်း ပါးပါးလှီးပါ။
အာပူရွက်မှလွဲပြီး ကျန်ပစ္စည်းမျာကို ချက်မည့်အိုးထဲထည့်ကာ ရောမွှေကာလုံးနယ်ထားပါ။
၁၅ မိနစ်ခန့်နှပ်ပြီးအကြာမှ ရေအနည်းငယ်ထည့်ကာ လုံးပါ။
ကြက်သားများအရောင်ပြောင်းပြီဆိုမှ ရေထပ်ထည့်ကာ ဆူပွက်အောင်တည်ပါ။
ကြက်သားနူးပြီး မီးပေါ်မှချကာနီးမှ အာပူရွက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။


Thursday, December 31, 2015

Cranberry Cookies




လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ကွတ်ကီးတစ်မျိုးပါ။ Cranberry အသီးခြောက်များကို ထည့်သွင်းပြုလုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ
ထောပတ် - ၁၆၀ ဂရမ်
ပေါင်ဒါသကြား - ၅၀ ဂရမ်
ဂျုံ - ၂၄၀ ဂရမ်
Cranberry သစ်သီးခြောက် - ၄၀ ဂရမ် (ခပ်သေးသေးစိတ်ထားပါ)


ပြုလုပ်နည်း
ထောပတ်နဲ့ သကြားကို ဖြူပြီးပွလာအောင် စက်ဖြင့်မွှေထားပါ

ပွလာတာနဲ့ ဂျုံနဲ့ သစ်သီးခြောက်များကိုရောထည့်ပြီး သမအောင်မွှေပါ။
မိမိနှစ်သက်ရာပုံသွင်းက ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၈ မိနစ်ဖုတ်ပေးပါ။

လုံးဝအေးမှ သုံးဆောင်ပါ။ 


Wednesday, November 4, 2015

Butter Cookies




ထောပတ်နံ့ တသင်းသင်းနဲ့ ဆိမ့်ပြီး အရသာကောင်းတဲ့ ကွတ်ကီးလုပ်နည်း ကိုဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
·         ထောပတ် ၁၆၀ ဂရမ်
·         ဂျုံ ၂၃၀ ဂရမ်
·         Icing sugar  ၃၀ ဂရမ်
·         ရိုးရိုးသကြား ၅၀ ဂရမ်
·         ကြက်ဥအကာ စားပွဲဇွန်း တစ်ဇွန်းခန့်


1.    ထောပတ်ကို အတုံးငယ်များရအောင် အရင်တုံးထားပါ
2.    သကြား၊ ဂျုံ များကိုရောမွှေကာ ထောပတ်ထည့်က ခက်ရင်းဖြင့်သမအောင်မွှေပါ
3.    ထောပတ်နဲ့ ဂျုံရောက အခဲမွမွလေးများဖြစ်လာရင် ကြက်ဥအကာကိုထည့်ပေးကာ သမအောင် လက်ဖြင့် အသာအယာနယ်ပါ။
4.    ရေခဲသေတ္တာထဲတွင် ၁၀ မိနစ်ခန့်ထားပြီးမှ မိမိနှစ်သက်ရာပုံဖော်ကာ ၁၃၀ ဒီဂရီ အပူပေးထားသော အာဗန်မှာ ၄၅ မိနစ်ခန့်ဖုတ်ပေးပါ။